السبت، 5 نوفمبر 2011

ကျမ်းမြတ်ကု၇်အာန်တွင် ဗျည်းစာလုံးများ၏ အေ၇အတွက်ကို အေမာမ်နစ်ဖီသခင်က မိမိစာအုပ် မဂ်ျမူအွလ်အိုလူမ်း နှင့် မတွလအွလ် နို့ဂျုးမ် ကျမ်းစာအုပ် တွင် ဗျည်းစာလုံးများကို အစအဉ်လိုက် သီးခြားရှင်းလင်းဖေါပြထားသည်။
၎င်းတို့မျာ အောက်ပါ အတိုင်းဖြစ်သည်။

အလစ်ဖ်        အေ၇အတွက်ပေါင်း-၄၈၇၂၀
ဗေ                        ။               -၁၁၄၂၀
သေ                       ။               -၁၄၄၀၀
ဆေ                       ။               -၁၀၄၈၀
ဂျီမ်                        ။                -၃၃၂၆
ဟေ                       ။                -၄၁၃၈
ခေ                         ။                -၂၅၀၃
ဒါလ်                       ။                 -၅၉၉၈
ဇာလ်                      ။                  -၄၉၃၄
၇ွာ                          ။                  -၂၂၀၆
ဇာ                          ။                  -၁၆၈၀
ဆီမ်                        ။                  -၅၇၉၉
ရှီမ်း                         ။                  -၂၁၁၅
ဆွာဒ်                       ။                  -၂၇၈၀
ဒွာဒ်                         ။                  -၁၈၈၂
တွာ                         ။                  -၁၂၀၄
ဇွာ                           ။                 -၈၄၂
အိုင်                         ။                  -၉၄၇၀
ဂိုင်                          ။                  -၁၂၂၉
ဖေ                          ။                   -၉၈၁၃
ကေါဖ်                      ။                   -၈၀၉၉
ကာဖ်                       ။                   -၈၀၂၂
လာမ်                       ။                   -၃၃၉၂၂
မိမ်                          ။                   -၂၈၉၂၂
နူန်                          ။                   -၇၀၀၀၀
ဟေ(သေး)                ။                   -၂၆၉၂၅
လာ                         ။                   -၁၄၇၀၇
ယေ                        ။                   -၂၅၇၁၇

(အလ်ဖသောက်ဟာသေအလ်လေဟယာ၊တွဲ-၁၊စာ-၅)

الأربعاء، 26 أكتوبر 2011

ကုရ်အာန်အကြောင်း သိကောင်းစရာ...........

ကျမ်းမြတ်ကုရ်အာန်သည် အေဒီ၆၁၀၌ ကဒရ်ညဥ့်တွင် စတင်ကျရောက်သည်။ တမန်တော်မြတ်သက် တော်၄၀အရွယ် ဟီရာလှိုင်ဂူတွင် တရားအားထုတ်နေစဉ် (ဂျီဗရာအီလ်)ကောင်း ကင်တမန်ကြီးမှတစ် ဆင့် စူရာ၉၆ အာယတ် ၁မှ၅အထိကို စတင်ချပေးခဲ့၏။တမန်တော်မြတ်၏ တမန်တော်သက်တန်း၂၃) နှစ်တာကာလအတွင်း အလီလီချပေးခဲ့ပြီး အေဒီ၆၃၂တွင် အဆုံးသတ်ခဲ့၏။ နောက်ဆုံးကျ ရောက်ခဲ့ သော အာယတ်မှာ (၅း ၃)မှာ–
“ယနေ့သော်ကား ငါအလ္လာဟ်အရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ ဒီန်သာသနာကို ပြီးပြည့်စုံ တော်မူလိုက်ပြီ။ ၎င်းအပြင် ငါအရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်များကို အသင် တို့အဖို့အပြည့်အစုံချီး မြှင့်ပေးသနား တော်မူပေပြီ။ ၎င်းပြင် ငါအရှင်မြတ်သည် အစ္စလာမ်သာသ နာကို အသင်တို့အဖို့ (ဒီန်) ဘ ၀တည်ဆောက်မှု လမ်းစဉ်အဖြစ် သဘောတူနှစ်မြို့တော် မူပေပြီ” ဟူသော အာယတ်တော်ပင် ဖြစ်သည်။
ကုရ်အာန်စုစည်းခြင်းနှင့် ထိန်းသိမ်းခြင်း
ကျမ်းတော်မြတ်ကုရ်အာန်သည် အုပ်လိုက်ကျရောက်လာခြင်း မဟုတ်ဘဲ အခါအားလျော်စွာအလီလီကျ ရောက်လာခြင်း ဖြစ်သဖြင့် တစ်စစီစုစည်း၍ တစ်စောင်တစ်ဖွဲ့အဖြစ် ပြုစုကာ ယ နေ့ခေတ်တိုင်အောင် အကွဲအလွဲ၊အမှားအယွင်း အတိမ်းအချော် မရှိအောင် ထိန်းသိမ်း ထားခြင်းဖြစ်ပေသည်။ ကျမ်းမြတ်ကုရ် အာန်ကို စုစည်းခြင်း၊ ထိန်းသိမ်းခြင်းအတွက်ကို အဓိက တာဝန်ယူခဲ့သူမှာ ကျမ်းရှင် မြတ်အလ္လာဟ်ကိုယ် တော်တိုင်ပင်ဖြစ်သည်။
“ဧကန်စင်စစ် ငါအရှင်မြတ်သည်ပင်လျှင် ဆုံးမသြ၀ါဒတော် (ကုရ်အာန်)ကို ချပေးတော်မူခဲ့သည်။ထို့ပြင် ဧကန်မလွဲ ငါအရှင်မြတ်သည်ပင်လျှင် ယင်း(ကုရ်အာန်)ကို ထိန်းသိမ်း စောင့် ရှောက် တော်မူပေမည်။” (၁၅း ၉)
ကုရ်အာန်ကျရောက်စဉ်အခါတွင် တမန်တော်မြတ်သည် အာယတ်တော်များကို ချက်ခြင်းအလွတ်ကျက် မှတ်တော်မူ၏။ ဤသည်ကို အလ္လာဟ်က “(အို နဗီတမန်တော်) အသင်သည် ကုရ် အာန်ကျမ်းတော်မြတ် ကို အလျင် အမြန်ကျက် မှတ်အံ့သောငှာ မိမိလျှာကို မလှုပ်ပါလေနှင့်။ ဧကန်အမှန် ယင်းကုရ်အာန် ကျမ်း မြတ်ကိုစုပေါင်း ၍ပေး ခြင်းသည်လည်း ကောင်း၊ ဖတ် စေ ခြင်းသည် လည်းကောင်း၊ ငါအရှင်၏တာဝန် ဖြစ်၏။ သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ယင်းကုရ်အာန် ကျမ်းတော်မြတ်ကို ဖတ်ကြားတော် မူသော အခါ အသင်သည် ယင်းဖတ်ကြား ချက် ကို နား ထောင်ပါလေ”(၇၅း ၁၆- ၁၈)
ထို့အပြင် တမန်တော်မြတ်သည် အာယတ်တော်များ၊ ကျလာချိန်၌ မိမိ၏ ဆွဟာဗာအချို့ကို ချက်ခြင်းရေး မှတ်စေတော်မူခဲ့သည်။ ထိုရေးထားသော အာယတ်များကို ပြန်လည်ရွတ်ဖတ် ပြ ခိုင်းပြီး စစ်ဆေးပေး တော်ခဲ့ပါသည်။ စူရာဟ်များ၏ အထားအသို အစီအစဉ်ကိုလည်း တမန် တော် မြတ်ကိုယ်တော်တိုင် ညွှန် ကြားပြသ နေရာချပေးခဲ့သည်။
အွဆ်မာန်သခင်လက်ထက်တွင် အစ္စလာမ်သာသနာ ကျယ်ပြန့်ထွန်းကားလာသည်နှင့်အမျှ လူမျိုးပေါင်းစုံ ထံသို့ ကျမ်းမြတ်ကုရ်အာန် ရောက်ရှိသွားခဲ့ရာ အချို့ဒေသများတွင် ရေးထုံးနှင့် အသံထွက် ကွဲလွဲမှုများ ဖြစ်ပေါ်သဖြင့် စံမူနှင့်တိုက်ဆိုင် စစ်ဆေးကာ ညီညွတ်အောင် ဆောင်ရွက်ပေးခဲ့သည်။
ဤသို့ဖြင့် ကျမ်းမြတ်ကုရ်အာန်သည် ခေတ်နှောင်းပိုင်း၌ ရွတ်ဆိုရန် “သရ” သင်္ကေတများ၊ ရပ်နားရန် သ င်္ကေတများ၊ ထည့်သွင်းခဲ့သည်မှလွဲ၍ တစ်လုံးတစ်ပါဒမျှ ကွဲလွဲပြောင်းလဲခြင်း မ ရှိဘဲ နှစ်ပေါင်းထောင့် လေးရာ ကျော်တိုင် တည်တံ့ခဲ့ပေသည်။ ကိယာမသ်တိုင်အောင်လည်း ထိုသို့ ပြောင်းလဲခြင်းမရှိ တည်တံ့ နေမည်သာဖြစ်သည်။
 

မမြင်ရသောအရှင်အားကိုးကွယ်ခြင်း (၁)

ဒီခေါင်းစဉ်ဟာ အစ္စလာမ်ဘာသာဝင်များအတွက် အလွန်ပဲအရေးကြီးပါတယ်။ သိပ္ပံကမှန်လို့ အစ္စလာမ်မှန်တာပါလို့ ပြောနေတာ မဟုတ်ပါဘူး။ သိပ္ပံဟာအမြဲတစေ မှန်နေမယ်ဆိုရင် အဲ့ဒီအ ဆိုပြုချက်ဟာ သိပ္ပံနည်းမကျဆုံး အဆိုပြုချက်ပါ။ သိပ္ပံကလည်း နောက်ထပ်တွေ့ ဦးမယ်ပြောတယ်။ “There is room for improvement” နောက်ထပ်တွေ့စရာ မရှိဘူးလို့ပြောလာရင် ပြောတဲ့သူဟာ သိပ္ပံနည်းမကျဆုံး ပုဂ်္ဂိုလ်ပဲ။ ဒီလိုအသိပညာမျိုးကို ယာယီမှန်သော အသိပညာ၊ တစ်ခုပေါ်မှာ တစ်ခုမှီပြီးမှန်သော၊ ပညတ်သဘောဆောင်သော ပညာရပ်လို့ခေါ်ပါတယ်။
ဒီပညာတွေကို ဘယ်လိုအသုံးချမလဲ။ အသုံးချတတ်ရင် ကျွန်တော်တို့ အီမာန်ခိုင်မာရေးအတွက် အထောက်အကူ ဖြစ်မယ်။ အသုံးမချတတ်ရင် အဲ့ဒီခေတ်ရဲ့မြောင်းထဲ ကျသွားလိမ့်မယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အမေးတွေကို အဖြေပေးဖို့အတွက် ဒီပညာရပ်တွေရဲ့ အကူအညီနဲ့ အပြင်ပန်း ရုပ်လက္ခဏာတွေကို စမ်းစစ်ပြီးတော့ လိုအပ်တဲ့လူကို လိုအပ်သလို အသိပေး ဖို့ ပါ။ (၉၆)ပါးသော ရောဂါအားလုံးကို ဆေးတစ်ခွက်တည်းနဲ့ ကုလို့မရဘူး။
“ဒီန်”ကို“ဒါဝဟ်” လုပ်တဲ့နေရာမှာ ကုရ်အာန်မှာပါရင်ပြီးရော၊ ဟဒီးဆ်မှာပါရင်ပြီးရော ယုံရင်ယုံကြ။ မယုံရင်“ကွဖ်ရေ့ကလမ်” ဆိုလို့မရပါဘူး။ သူတို့ဘာတွေ လိုအပ်နေလဲ၊ လိုတာကိုဖြည့် ပေးပါ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှ လူတန်းစားပေါင်းစုံ၊ လူ့အလွှာမျိုးစုံ၊ အသိဉာဏ်ပေါင်းစုံက လူတွေကို“ဒါဝဟ်” လုပ်တော့မယ်ဆိုရင် သူတို့တတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရမှာပါ။ ဒါတွေနဲ့ “သက်သေပြကာမှ” (သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ) အလ္လာဟ်ရှိတယ်လို့ ပြောနေတာမဟုတ်သလို သိပ္ပံကမှန်ပါတယ်ဆိုမှ ကုရ်အာန်က မှန်တာမဟုတ်ပါဘူး။ နျူးကလီး ယား (Neuclear  Physicals) က ဦးချရတဲ့ သောင်ဟီးဒ်ပါ။ ခေတ်သစ်သိပ္ပံက ဦးချနေရတဲ့ သောင်ဟီးဒ်ပါ။ ဒီပညာရပ်တွေက မတွေ့သေးတဲ့ အမှန်တရားတွေ အများကြီးရှိပါ သေးတယ်။ နောက်ထပ်တွေ့လာဦးမယ့် အမှန်တရားတွေလည်း အများကြီးရှိပါသေးတယ်။
အဲ့ဒီအမှန်တရားတွေ ပေါ်ထွန်းလာပြီဆိုရင် အခုကျွန်တော်တို့က ဒီဇယားတွေ၊ ပုံတွေနဲ့ သက်သေပြထားရင် ဒီတွေ့ရှိချက်က ပြောင်းလဲသွားပြီဆိုပါစို့ဗျာ။ ကျွန်တော်တို့ တရားတွေကိုရော လိုက်ပြီးပြောင်းလိုက်ရမလား။
ဥပမာ-နျူးကလီးယား ရူပဗေဒပညာရပ်နဲ့ အလ္လာဟ်ရှိကြောင်း သက်သေပြမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ငါးဆယ် လောက်ကအက်တမ် (Atom)လို့ခေါ်တဲ့ အမှုန်လေး၊ ဂရိဘာသာစကားနဲ့ (A + Atoms = No to cut) နောက်ထပ် ခွဲစိပ်၍မရဘူးလို့ လူတိုင်းကယုံကြည် ထားကြတယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ လက်နက်အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားကြရင်းက၊ စက်မှု နိုင်ငံကြီးတွေ၊ သူ့ ထက်ငါရှာဖွေလိုက်တော့ သူ့ ထက်သေးငယ်နေတဲ့ အမှုန်ကို တွေ့လာရတယ်။ အက်တမ်ကို ထပ်မံခွဲစိတ်လို့ ရတယ်လို့ တွေ့ ခဲ့ရတယ်။ အကယ်၍များ အစ္စလာမ်ရဲ့ အမှန် တရားကို အဲ့ဒီအက် တမ်သီအိုရီ (Atom Theory) နဲ့ သက်သေပြခဲ့ရင် ခွဲစိတ်လို့  မရပါဘူးဆိုတဲ့ အက်တမ်က ခွဲစိတ်လို့ ရသွားခဲ့ရင် အဲ့ဒီအစ္စလာမ်ကရော ဘာဖြစ်သွားမလဲ စဉ်းစား ကြည့် ပါ။
သိပ္ပံနဲ့သက်သေ ပြတဲ့နေရာမှာ သတိကြီးစွာထားရပါမယ်။ သိပ္ပံရဲ့ ယာယီမှန်ကန်မှုကို အသုံးချတတ်ရပါမယ်။ အဲ့ဒီလို အသုံးမချတတ်ရင်တော့ သိပ္ပံပြောင်းသွားတာနဲ့ အစ္စလာမ်ပါပြောင်း သွားသလားလို့ဖြစ်သွားမယ်။ အသိပညာဆိုတာ အသွင်(၂)မျိုးရှိတယ်။ တစ်နဲ့တစ်ပေါင်းပြီး နှစ်ဖြစ်တာဟာ တစ်ခုပေါ်တစ်ခုမှီပြီး မှန်ရတဲ့အမှန်တရား။ တစ်နာရီနဲ့ တစ်လပေါင်းလို့ ဘယ် တော့မှ“နှစ်” ဖြစ်မလာပါဘူး။ တစ်နဲ့တစ်ပေါင်းခြင်းဟာ နှစ်ဖြစ်ပါတယ်ဆိုရာမှာ အရာတစ်ခုကို မှီပြီးတော့မှ Unit လို့  ခေါ်တဲ့ သတ်မှတ်ထားတဲ့ (ဥပမာ-အချိန်ကို သတ်မှတ်ထား တာဖြစ်စေ Measurement လို့ခေါ်တဲ့ တိုင်းထွာမှုကို သတ်မှတ်ထားတာဖြစ်စေ) အဲ့ဒီအပေါ်မှာ မှီပြီးမှမှန်တဲ့အမှန်တရား။ အဲ့တာကို Relative Truth လို့ခေါ်တယ်။ “သမုတိသစ္စာ” ယာယီမှန်တဲ့ အမှန်တရားမျိုးပါ။ အစ္စလာမ်ဆိုတာက “အလ်ဟတ်(က) Absolute Truth လို့ခေါ်တယ်။ နေရာတိုင်းမှာမှန်တယ်။ ဆော်ဒီအာရေဗီးယားမှာ မှန်သလို၊ မီယာအာကာ သစခန်းမှာ သွားကြည့် ရင်လည်း အစ္စလာမ့်အမှန်တရားက မှန်နေဦးမှာ ပဲ။ “လာမကမ်၊ လာဇမန်” အချိန်နဲ့ နေရာ (Time and Space) ကိုကျော်လွန်ပြီးမှန်တဲ့ အမှန်တရားပါ။
အဲဒီလိုမှန်တဲ့ အလ်ဟတ်(က်) (Absolute Truth) ကို ယာယီမှန်တဲ့ သမုတိသစ္စာ (Relative Truth) နဲ့ သက်သေပြရင် သတိကြီးစွာထားရမယ်။ အဲဒီလိုသတိကြီးစွာ မထားရင် ကျွန်တော် တို့အတွက် အထောက်အကူ မဖြစ်တဲ့အပြင် အန္တရာယ်တောင်မှ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ဓမ္မန္တရာယ်တွေ ဆိုက်ရောက်နေတာ ဒီအန္တရာယ်တွေကို မမြင်ကြလို့ပဲပေါ့။ အမှန်တရား နှစ်မျိုး ရှိတယ်ဆိုတာ သဘောမပေါက်လို့ပဲပေါ့။ တစ်နှင့်တစ်ပေါင်း နှစ်ရတယ်ဆိုတာ မမှန်ဘူးလို့ ဘယ်သူကပြောလို့ရမလဲ။ အဲဒါ ယာယီသစ္စာ၊ ခေတ္တယာယီအကြောင်း တစ်ခုကိုမှီပြီးမှ မှန်တဲ့သစ္စာ မျိုးကိုခေါ်တာပါ။ သင်္ချာဗေဒ တစ်ခုလုံးဟာလည်း အဲဒီအပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတာပါ။ အဲဒါကိုမမှန်ဘူးလို့ ဇွတ်ငြင်းလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ကန့်သတ်ချက်ကိုတော့ အသိအမှတ်ပြုပြီး သဘောပေါက်ထားရမယ်။
ကျွန်တော်တို့ရဲ့ စွဟာဘာကြီးတွေနဲ့၊ ပေါက်မြောက်အောင်မြင်သွားကြတဲ့ ၀လီသူတော်စင်ကြီးတွေက ဒီကွမ်တမ်ရူပဗေဒ (Quantum Physics) အကြောင်းကို မသိကြပါဘူး။ ဒါပေမယ့် အစ္စလာမ်ကိုတော့ ကျွန်တော်တို့ထက် ပိုပြီးသိပါတယ်။ စာရှုသူများ လက်ခံပါသလားခင်ဗျား။ သာသနာဝင်များထဲက နိုဘယ်လ်ဆုရသွားတဲ့ ပါရဂူတွေရှိတယ်။ ဒီစွဟာဘာ တွေကတော့ သူတို့ထက် အစ္စလာမ်ကို ပိုသိပါတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သဲကန္တာ ရထဲမှာနေ၊ လှည်းခေတ်၊ လှေခေတ်မှာနေပြီး ဘာစာမှမတတ်တဲ့ စွဟာဘာကြီးတွေ အဲဒီပါမောက္ခ (Profes sor) ကြီးတွေထက် အစ္စလာမ်အကြောင်း ပို နားလည်ပါတယ်။
“မမြင်ရသောအရှင်အားကိုးကွယ်ခြင်း” ဆိုတာမြင်ရမှ ကိုးကွယ်ခြင်းခံထိုက်ပါသလား ဆိုတာကစပြီး စဉ်းစားပါမယ်။ မြင်တွေ့ရမှအမှန်တရား “Seeing is believing” ဆိုရင် စက္ခုအာရုံဟာ “Sense organ, Sight, Vision” သည် ဘယ်လောက်စိတ်ချရပါသလဲ။ ဒါကို ဆန်းစစ်ဖို့လိုပါတယ်။ လက်တွေ့မှ၊ မျက်တွေ့မှ ယုံတဲ့လူတွေလည်းပဲ ရှိတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့် လိုက်တာနဲ့ . . . .
ရှင်းလင်းပြတ်သားပါတယ်ဆိုတဲ့ ကုရ်အာန်ဘယ်သူ့အတွက် Guidance  ဖြစ်မလဲ။ “မွတ္တကီ” တွေအတွက်တဲ့။ အဲဒီ “မွတ္တကီ” ဆိုတဲ့ သက္က၀ါတရားထားကြတဲ့ ပုဂ်္ဂိုလ်တို့ဟာ ဘယ်ကဲ့သို့ သော ပုဂ်္ဂိုလ်တွေလဲဆိုတော့ “To believe in the unseen” ရုပ်ခန္ဓာစက္ခုဖြင့် မမြင်ရသောအရာကို အသိဥာဏ်စက္ခုဖြင့် ယုံကြည်တဲ့သူ၊ အဲဒီသူအတွက် ကုရ်အာန်လို့ ပြောထား တာပါ။ သူ့ အတွက် အဲဒီကုရ်အာန်ဟာ ရှင်းနေတယ်လို့ပြောတာပါ။ သက်သေတွေ၊ သာဓကတွေရှိကာမှ ယုံမယ်ဆိုတဲ့ သူတွေအတွက် ဒီကုရ်အာန်ဟာ “ဟုဒလ်” မဖြစ်ဘူး။ လမ်းညွှန် (Guidance) မဖြစ်သေးဘူး။ အဲဒီလူတွေအတွက် (ရှင်းလင်းမှု) မိုဘီးန်လည်း မဖြစ်နိုင်ဘူး။ လူ့အာရုံနှင့် ထိတွေ့စမ်းသပ်လို့ မရတဲ့ အရှိတရားကိုယုံမှ ကုရ်အာန်ဟာ သူတို့အတွက် ရှင်းလင်းသွားမယ်။
အကွယ်မှအမှန်တရားများကို လက်ခံလာနိုင်တဲ့ အဆင့်မရောက်သေးရင်ရှာဦး။ ကုရ်အာန်က ရှာခိုင်းထားတယ်။ အကွယ် (Unseen) ကိုမယုံသေးတဲ့ သူအတွက်ကို ယုံအောင်လို့ ပြထားတာ လေ။ အဲဒီတော့ အာရုံ(Senses) တွေဆိုတာ ကန့်သတ်မှုတွေရှိတယ်။ မြင်မှယုံမယ်ဆိုတဲ့ ယုံကြည်ချက်ရဲ့ အခြေခံတရားဟာ ဘာကြောင့်ဖြစ်လာရတာလဲ။ သမိုင်းနောက်ခံနဲ့ကျွန်တော်ပြော ပြမယ်။ ယုံကြည်မှုရဲ့ နောက်ကြောင်းလေးကို သဘောပေါက်ထားဖို့ လိုမယ်။ ကျွန်တော်စကားတစ်လုံး သုံးထားပါတယ်။ “ကိုးကွယ်ခြင်း” တဲ့။ ဒါကိုရှင်းချင်လို့ သုံးထားတာ။ “ကိုးတယ်” ဆို တာ အားကိုးတယ်။ “ကွယ်တယ်” ဆိုတာ အကာအကွယ်ယူတာ။ အစ္စလာမ်ကပြောတဲ့ သမိုင်းတော့ မဟုတ်ဘူးနော်။ ကိုးကွယ်မှုရဲ့ သမိုင်းအစကို ပြန်ကြည့်ရင် “Comparative Study” ဘာသာပေါင်းစုံကို နှိုင်းယှဉ်ပြီးလေ့လာကြတဲ့ ဘာသာရေးပါရဂူများက လူသားတွေမှာ ကိုးကွယ်မှု ဘယ်လိုစတင်ပြီး ဖြစ်လာတယ်ဆိုတာကို သူတို့ရဲ့ဆင်ခြင်တုံတရားမှာ အခြေခံပြီးသုံး သပ်တဲ့အခါမှာ သမိုင်းဦးခေတ် ကျောက်ခေတ်လူသားတွေဟာ သဘာဝရဲ့ စွမ်းအားတွေကို တွေ့ရတဲ့အခါ သူတို့ဟာတုန်လှုပ်ကြတယ်။ ခြောက်ခြားကြတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာ ရှင် သန်ကြီးထွားမျိုးပွားရတဲ့အခါမှာ လိုအပ်ချက်တွေ ရှိလာတယ်။ လိုအပ်ချက်တွေကို အကြောက်တရားအပေါ်မှာ အခြေခံပြီး အဖြေရှာမိကြတယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျားရဲသတ္တ၀ါ တွေ အဲဒီ Predators and Prey သားကောင်ကို လိုက်ရှာနေသူ၊ မိမိက သားကောင်ဖြစ်လိုက် မုဆိုးဖြစ်လိုက်နဲ့ ဖြစ်စဉ်ကြီးမှာ မိမိထက်အားကောင်းတဲ့ သတ္တ၀ါတွေ၊ သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အကာအကွယ်ဆိုတာလည်း လိုလာတယ်။ ရာသီဥတုဘေးဒဏ်များက အကာအကွယ်ဆိုတာလည်း လိုလာမယ်။ တခြားတခြားသော ဘေးအန္တရာယ်ကနေ ကာကွယ် ဖို့ အကာအကွယ်ပေးနိုင်မယ့် အားကိုးလောက်မယ့် အရာကို သူတို့ ရှာလာတယ်။ ကာကွယ် ဖို့လည်းလိုတယ်။ အားကိုးဖို့လည်းလိုတယ်။ အဲဒီတော့ ကိုးကွယ်ရာကို ရှာကြပြီ လေ။
သစ်ပင်ချင်းပွတ်တိုက်ပြီး မီးထွက်လာတော့ ဒီမီးဟာ မှောင်မိုက်မှုကိုလည်း လင်းစေတယ်။ ချမ်းအေးမှုမှလည်း ကာကွယ်ပေးတယ်။ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေး နိုင်တယ်။ ရလာတဲ့ အသားငါးတွေ ကိုလည်း ချက်ပြုတ်လို့ရတယ်။ မီးရဲ့ ဂုဏ်သတ်္တိတွေက မနည်းပါလားလို့တွေးမိရင်းက အားကိုးလောက်တဲ့အရာ ဖြစ်တဲ့မီးကို ကိုးကွယ်လာတယ်။ မီးနတ် ကိုးကွယ်မှုပေါ်လာရပါတယ်။ ဒီလိုနဲ့ပဲ သဘာဝရဲ့ စွမ်းအင်တစ်ခုချင်းကို လေနတ်၊ မိုးနတ်၊ တောတွေတောင်တွေ၊ နက္ခတ်တာရာတွေ ဒါတွေအားလုံးကို ကိုးကွယ်ရာ အရှင်အဖြစ်နဲ့လက် ခံ လိုက်ကြတယ်။
ဘာသာပေါင်းစုံကို လေ့လာတဲ့သူတွေသာ ကျမ်းမြတ်ကုရ်အာန်ကို သေချာလေ့လာမိမယ်ဆိုရင် အီဗရာဟီမ် သခင်ကြီးက သဘာဝကိုရှုပြီး ဖြစ်ပြီးပျက်တတ်တဲ့အရာတွေကို ကြည့်ပြီး ကိုး ကွယ်ရာအဖြစ်မှ ပယ်ချခဲ့တယ်ဆိုတာကို တွေ့သွားရင် ဒီမှာတင်ကိစ္စပြတ်ပြီပေါ့။ တမန်တော်အီဗရာဟီမ်ရဲ့ ဖြစ်ရပ်တော်များကို ဒီနေ့ကျွန်တော်တို့ကို စွပ်စွဲနေကြတဲ့ ပုဂ်္ဂိုလ်များ နားရှင်းသွား အောင် ကျမ်းမြတ်ကုရ်အာန်က တိုတိုလေးနဲ့ ရှင်းပြထားတယ်။ တမန်တော်အီဗရာဟီမ်ဟာ သဘာဝကို သေချာစူးစမ်းလေ့လာတယ်။ တမန်တော်အီဗရာဟီမ်က မိမိတို့အမှန်အစစ်ကိုးကွယ် ရာအားထားရာ ဘာလဲဆိုတာ ရှာလိုက်တဲ့အခါမှာ ခေတ္တယာယီအားကိုးရာ ဖြစ်သော်လည်း မမြဲတဲ့သဘောနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို ပယ်ချခဲ့တယ်။
နေမင်းကြီးက ထွက်လာတယ်။ ပြီးတော့ပျောက်ကွယ်သွားပါတယ်။ လမင်းကြီးလည်း ဖြစ်လိုက်၊တည်လိုက် ပြီးတော့ ပျောက်ပျက်သွားလိုက်ပဲ။ ဖြစ်တည်ပျက်၊ မမြဲတဲ့အနိစ္စ ”ဖွနာ” သဘော မှာပါနေတဲ့အရာတွေကို ဘယ့်နှယ်လုပ် ကိုးကွယ်လို့ဖြစ်မလဲ။ ပယ်ချလိုက်တယ်။ အစ္စလာမ်က ဒါတွေကိုအစောကြီး ကတည်းက ပယ်ပြီးသားပါ။ ဒါပေမယ့် ဒီပုဂ်္ဂိုလ်တွေက ဆက်ယူထား တယ်။ သဘာဝအင်အားစုတွေကို ကိုးကွယ်ရာကနေပြီး တစ်ဆင့်တတ်လာတော့ လူသားများအတွင်းက အသိဉာဏ်ရှိတဲ့၊ အားကောင်းမောင်းသန်သူတွေကို အားကျပြီး၊ အထင်ကြီးပြီး သူ တို့ရဲ့ ဦးစီးနာယကအဖြစ်၊ ခေါင်းဆောင်အဖြစ်တင်တယ်။ တင်ရာကနေပြီး လူသားကိုကိုးကွယ်ရာအဖြစ်နဲ့ ပြုလိုက်ကြတယ်။ သဘာဝနဲ့ လူကိုးကွယ်ရာမှ မမြင်ရတဲ့ နတ်ဒေ၀ါတွေ၊ နတ် ဗြဟ္မာတွေကို ကိုးကွယ်မှုဖြစ်လာတယ်။ ဒါကြောင့် လူသားတို့ရဲ့ ကိုးကွယ်မှုဆိုတာဟာ “အကြောက်တရားကို အခြေခံပြီး မိမိတို့က ဖန်တည်းထားတဲ့ နတ်ဘုရားများကို ပူဇော်ပသရတဲ့ ပူဇော်မှု များဖြစ်တယ်” လို့ ဆန်းစစ်လာခဲ့ကြပါတယ်။
ဒီနတ်ဘုရားတွေရဲ့ အမျက်ကိုပြေစေဖို့အတွက် ပူဇော်ပသမှုတွေလုပ်ရတယ်။ ဒီနတ်ဘုရားတွေရဲ့ အလိုတော်ကျဖို့အတွက် လာဘ်လာဘထိုးတဲ့အနေနဲ့ ပူဇော်မှုတွေ လုပ်ရတယ်။ အမြှောက် တရားနဲ့ အခြောက်တရားပေါ်မှာ အခြေခံနေတဲ့ လွဲမှားသော ကိုးကွယ်မှုသမိုင်းကြီးကို အဲဒီပုဂ်္ဂိုလ်တွေက အဟုတ်အမှန်ဆိုပြီး ကိုးကွယ်ရာ အရှင်ကိုသည်ပင်လျှင် အဲဒီကိုးကွယ်မှုတွေကို အ ခြေပြုပြီးတော့ လူသားများဘက်က ဖန်တီးထားတဲ့ ထာဝရဘုရားဆိုတာ နတ်ဘုရားကြီးတစ်ဆူပဲလို့ ကောက်ချက်ချ ထားကြပါတယ်။ ဒီအတွေးအခေါ်မျိုးတွေ ရိုက်သွင်းနေကြပါတယ်။ ပုံ သဏ္ဍာန်အမျိုးမျိုးနဲ့ ကျွန်တော်တို့ လူငယ်တွေကြားရောက်အောင် ပို့နေပါတယ်။ ပြီးတော့ စကားလုံးဘယ်လို ထည့်လိုက်သလဲဆိုရင် “ဟိုကိုးကွယ်ရာတွေကတော့ မြင်သာတယ်၊ ထင်သာ တယ်။ မီးကို၊ နေကို ကိုးကွယ်သူအတွက် မီးမြင်ရတယ်။ နေမြင်ရတယ်။ လူကိုးကွယ်သူ အတွက်လည်း မြင်နေရတယ်။ ဆုံးသွားသည့်တိုင်အောင် ရုပ်တု၊ ရုပ်ပွားနဲ့ တွေ့နိုင်တယ်။ သူတို့ ရှိခဲ့ ကြောင်းသမိုင်းမှာ အထောက် အထားနဲ့ရှိတယ်။ မင်းတို့ကိုးကွယ်ရာကျတော့ မမြင်ရတော့ပါလား” ဆိုတော့ ဟုတ်သလိုလို ဖြစ်သွားတယ်။
ကျွန်တော်တို့နဲ့က အခြေခံယူဆချက်ကိုက မတူဘူးလို့ ပြောရမှာပါ။ မြင်ရမှကိုးကွယ်ခြင်း ဖြစ်မလားဆိုတာက စပြီးရှင်းရမယ်။ အစ္စလာမ်သာသနာရဲ့ သဘောအရ အဲဒါတွေဟာ လုံးဝ ကိုး ကွယ်ခြင်းခံထိုက်တဲ့ စာရင်းမှာမ၀င်ပါဘူး။ အခုနက ကျွန်တော်အစီရင် ခံခဲ့သလိုပဲ အာဒမ်နဗီနဲ့ မလာအိကာများ ဖြစ်ရပ်ကလေးကို ဆူရာဘကရာမှာ မီးမောင်း ထိုးပြခြင်းအားဖြင့် ကျွန်တော် တို့ ဘာကိုတွေ့သွားသလဲဆိုတော့ တော၊ တောင်၊ နက္ခတ်တာရာ၊ ဂြိုဟ်၊ ပုဂ်္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ အဲဒါတွေ အားလုံးထဲမှာ၊ ဖန်ဆင်းခံအားလုံးတို့ထဲမှာ လူသားသည် အမြတ်ဆုံး “အ ရှရဖုလ်မာခ်လူကတ်” မဖြစ်တဲ့အတွက် မိမိကနေ အဲဒီဘ၀ အင်အားစုတွေကို စိုးမိုးချုပ်ကိုင်ပြီး မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို သာယာအောင်၊ အေးငြိမ်းအောင် လုပ်ရမယ်ဆိုတဲ့ ဒီလူသား ဟာ မိမိရဲ့ လက်အောက်ခံများဖြစ်တဲ့ အဖန်ဆင်းခံ မမြဲတဲ့ “ဖွနာ” သဘောဆောင်တဲ့ ရုပ်၊ နာမ်၊ ဓမ္မသင်္ခါရတို့နဲ့ မကင်းတဲ့ဟာတွေကို ဘယ်လိုလုပ်ပြီး ကိုးကွယ်ရာအဖြစ် သတ်မှတ် လို့ကော ရဦးမှာလဲ။
အစ္စလာမ်ရဲ့ ယုံကြည်ချက်၊ ကိုးကွယ်ခြင်း အစစ်အမှန်ဆိုတာက အဲဒီလိုမမြဲတဲ့ ရုပ်၊ နာမ်၊ ဓမ္မ သင်္ခါရနဲ့ စုဖွဲ့ထားတဲ့ Impermanent လို့ခေါ်တဲ့ ရုပ်ကလပ်တွေ၊ နာမ်ဓာတ်တွေအားလုံးတို့ ဟာ ကိုးကွယ်ခြင်းခံထိုက်တဲ့ စာရင်းထဲမှာ မပါဘူးဆိုတာ ကျွန်တော်တို့ရဲ့ အခြေခံခံယူချက်ပဲ။ First argument ပထမငြင်းချက်ထုတ်ရမှာက ကိုးကွယ်ခြင်းခံထိုက်သော အရာမျိုးသည် မ မြဲတဲ့သဘောနဲ့ လုံးဝကင်းနေရမယ်။ အဲဒီမမြဲတဲ့ သဘောနဲ့က လုံးဝကင်းနေတဲ့ အရာများသည် မျက်စိနဲ့မြင်နိုင်ပါ့မလား။ သိပ္ပံသဘောအရ၊ ရူပဗေဒသဘောအရ ရုပ်ဝတ္ထုများကိုသာ မျက်စိနဲ့ မြင်နိုင်တာ မံသအာရုံခံအင်္ဂါက ရုပ်ဝတ္ထုတစ်ခုကို မြင်တွေ့လိုက်တဲ့ အခါမှာ စက္ခုအာရုံဆိုတာ ဖြစ်သွားတယ်။ စက္ခုအာရုံဟာ မျက်လုံးရဲ့အကြည်ဓာတ်မှာ လာထင်ပါတယ်။ နာဗ်ကြောမှတစ် ဆင့် ဦးနှောက်ကိုပို့တယ်။ ဦးနှောက်ကမှ ဒါဟာဘောလ်ပင် ဖြစ်တယ်။ မြေဖြူဖြစ်တယ်စသည်ဖြင့် ခွဲခြားပြီး ပြန်သတင်းပို့တယ်။ စက္ခုအာရုံကျက်စားနိုင်တာမျိုးက ရုပ်ဝတ္ထု ပစ္စည်းမျိုး ပဲဖြစ် တယ်။
ဆက်ပြီးမေးခွန်းထုတ်ရမှာက ရုပ်ဝတ္ထုပစ္စည်းသည် ကိုးကွယ်ခြင်းခံထိုက်သလား။ မမြင်ရရင်မယုံဘူး။ မမြင်ရရင် ကိုးကွယ်ခြင်းမခံထိုက်ဘူးဆိုရင် မြင်ရသောအရာကကော ကိုးကွယ်ခြင်း ခံ ထိုက်ပါသလားလို့  ထပ်ပြီးမေးခွန်း ထုတ်ကြည့်ရပါမယ်။ ဆန်းစစ်ကြည့်ရအောင်။ မမြင်ရတဲ့အတွက် မကိုးကွယ်ဘူးဆိုရင် မမြင်ရတဲ့အတွက် အရည်အသွေး (Qualification) တစ်ခု လျော့ နည်းနေရင် မြင်ရသောအရာကရော ကိုးကွယ်ခြင်းခံထိုက်တဲ့ အရည်အသွေးနဲ့ ပြည့်စုံနေပါသလား။ သေချာပြန်ဆန်းစစ်ရအောင်နော်။ ဒီလိုဆန်းစစ်လိုက်တဲ့အခါ ရုပ်သဘောသည် သာလျှင် မြင်တွေ့လို့ရတယ်။ ဒီရုပ်သည် ဖြစ်ပျက်အစဉ်လို့ ခေါ်တဲ့ “ဖွနာ” သဘောထဲမှာ ရှိနေတဲ့အတွက် ကိုးကွယ်ခံထိုက်တဲ့ စာရင်းထဲမှာ ပါမှာမဟုတ်တော့ပါဘူး။ ရှင်းပါတယ်။
ရုပ်သဘောနဲ့မတူတဲ့ နာမ်တရားလည်းရှိသေးတယ်။ ဥပမာ-မေတ္တာထားတယ်၊ ကရုဏာထားတယ်၊ ကြေကွဲဝမ်းနည်းတယ်၊ ဒေါသထွက်တယ်ဆိုတဲ့ ခံစားမှုများ Feeling Emotion ဒါဟာ နာမ်တရားပဲ။ ဆရာမကြီး B.A, B.L အောင်ထားတယ်လို့ပြောတယ်။ သက်သေပြပါ။ ဘယ်လိုပြကြမလဲ။ ကင်မရာနဲ့ ရိုက်ထားမလား၊ ပေကြိုးနဲ့ တိုင်းပြရမလား။ မရပါဘူး။ ဒါဟာသူ့အသိ ပညာဆိုတဲ့ နာမ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုဖြစ်တယ်။ ဟိုလူကြီး အကျင့်စာရိတ္တကောင်း ပါတယ်၊ Character သူ့ရဲ့စာရိတ္တဆိုတဲ့ သီလခန်းကို ဆန်းစစ်ပေးပါဆိုရင် ဘယ်လိုမှတ်ကျောက် တင် စစ်ဆေးမလဲ။ ရွှေကိုမှတ်ကျောက်တင်သလိုတင်ပြီး စစ်လို့ရပါ့မလား။ ဒါ မြဲတဲ့သဘော မဟုတ်သေးဘူးနော်။ နာမ်ပိုင်းဆိုင်ရာရဲ့ သဘောတွေကို ပြောနေတာ။ မိခင်က သားသမီးအပေါ်ထား တဲ့ မေတ္တာဆိုတာ အမှန်တရား တစ်ခုမဟုတ်တော့ဘူးလား။
လောကရဲ့သစ္စာတစ်ခု မဟုတ်တော့ဘူးလားခင်ဗျာ။ ဒီနေ့ကျွန်တော်တို့ မိသားစုတွေ ခရီးသွားတယ်၊ လေယာဉ်ပျံပျက်တဲ့ သတင်းကြားရင် စိုးရိမ်တယ်။ အဲဒီစိုးရိမ်မှုကို အနံ့အရသော်လည်း ကောင်း၊အသံအရ သော်လည်းကောင်း၊ မျက်စိအရသော်လည်းကောင်း အာရုံ(၆)ပါးနဲ့ ခံစားကြည့်ချင်ပါတယ် ဆိုလို့ရပါ့မလား။ အာရုံများနဲ့ ကျက်စားလို့ မရတဲ့ အမှန်တရားတွေဆိုတာနာမ် လောကအတွင်းမှာပင်လျှင် အများကြီးပဲရှိနေပါတယ်။ မျက်စိနဲ့ မမြင်ရလို့ ဒီအသိဉာဏ်များ၊ စိတ်ရဲ့ခံစားမှုများကို လက်မခံဘူးဆိုရင်တော့ အဲဒီလူဟာ သိပ်ပြီးအသိဉာဏ်နဲ တဲ့လူပဲဖြစ်မယ်။
ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင်တို့ဟာ လူ့အာရုံတွေနဲ့ ကျက်စားလို့ရတဲ့ ကိစ္စများမဟုတ်ပါဘူး။ ဥပမာနိဗ္ဗာန်ကို မျက်စိနှင့်မြင်မှ ယုံမယ်ဆိုရင်၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို လည်း အဲဒီပန်းတိုင်ကိုထိတွေ့ မြင်ကြည့်ပြီးမှ ကျင့်မယ်ဆိုရင် ယုတိ္တတန်ပါ့မလား။ ကျွန်တော်တို့ မမြင်ရတဲ့အရာကို ဘာလို့ကိုးကွယ်ရတာလဲလို့ မေးနေကြတဲ့သူတွေ သူတို့ဖာသာ သူတို့ အဲဒီမေးခွန်း မေးကြည့်ကြပေါ့။ မမြင်ရတဲ့ အမှန်တရားတွေ အများကြီးရှိသလို မြင်ရတဲ့ အမှားတရားတွေ အများကြီး ရှိပါတယ်။ “တံလျှပ်” ဆိုတာလူရဲ့အမြင်ကို မှားစေတဲ့အရာ ဖြစ်တယ်။ အဟုတ်ရှိ၊ တကယ်ရှိ မြင်နေရပြီ၊ ရေအိုင်ရှိတယ်လို့ ထင်နေရပြီ။ သဲကန္တာရမှာ ဖြစ်စေ၊ ပူပြင်းတဲ့ ရာသီချိန်မှာ ရေအိုင်လို့ထင်ရအောင် မျက်စိအမြင်အာရုံသွေခြင်း ဖြစ်လာတယ်။ ဒါဟာ အ လင်းပြန်ခြင်း နိယာမအရ အမြင်အာရုံလွဲမှားခြင်းသာ ဖြစ်ပါတယ်။ မျက်စိနဲ့ တကယ်မြင်နေရပြီ။ မှန်ပါသလား၊ ဒီနေ့မိုးကောင်းကင်မှာ ရှိနေတဲ့ အပြာရောင်ကြီး မျက်စိနဲ့ တကယ် မြင်နေရပြီ။ မြင်မှယုံ Seeing is believing ဆိုရင် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရဲ့အပေါ်မှာ အုပ်မိုးထားတဲ့ အပြာရောင်အမိုးကြီး ရှိကိုရှိရမယ်။ မျက်စိနဲ့ မြင်ရမှယုံမယ်၊ မမြင်ရရင် မယုံဘူးဆိုတဲ့ လူတွေ သွားမေး ကြည့်စမ်းပါ။ အာကာသယာဉ်နဲ့ လိုက်ပါသွားကြတဲ့ ပုဂ်္ဂိုလ်တွေ ဒီမိုးကောင်းကင် အပြာကြီးကို ဖောက်ထွင်းသွားကြပါသလား။
မေးကြည့်ကြပါ။ စက္ခုအာရုံမှာ မြင်နေရတဲ့ အမိုးပြာကြီး “အဲဒါအမှန်တရားလား၊ အလင်းရောင်စဉ်ခုနစ်မျိုးထဲမှာ အပြာရောင်ဆိုတဲ့ အလင်းရောင်ကသာလျှင် လေထုရဲ့ သိပ်သည်းခြင်းနဲ့ ညီ မျှတဲ့အတွက် ဒီအရောင်ကို အလင်းယိုင်ခြင်း နိယာမအရ ကျွန်တော်တို့စက္ခုမှာ လာမြင်နေရတာပါ။ မြင်နေရတဲ့ အမှားတရား အမြောက်အများရှိသလို မြင်လို့မရတဲ့ အမှန်တရားတွေလည်း အများကြီးပါ။ ဥပမာ- ရူပဗေဒသဘောအရ လျှပ်စစ် Electricity magnetism ဆိုတာ ရုပ်သဘာဝရဲ့ အခြေခံလို့ အများက သတ်မှတ်ထားကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလျှပ်စစ်ဆိုတာ မရှိ ဘူး။ မျက်စိနဲ့ မြင်မှယုံမယ်လို့ ပြောကြရင် ဘယ်လိုပြမလဲ။ မျက်စိနဲ့ မမြင်ရသော်လည်း ရှိကြောင်းကို တခြားနည်းလမ်းတွေနဲ့ သက်သေပြလို့ရတယ်။ ဥပမာ – မီးလင်းတယ်၊ ပန်ကာတွေ လည်တယ်။
ကျွန်တော်တို့ ပြောနေတဲ့ အသံကိုချဲ့ပေးတယ်။ ကတ်ဆက်တိတ်ခွေနဲ့ ဖမ်းထားတယ် စသဖြင့် လျှပ်စစ်စွမ်းအင်ကို အသုံးချပြီး လုပ်နေရတာ၊ လျှပ်စစ်ဆိုတာ မျက်စိနဲ့လည်းမမြင်ရဘူး။ နား နဲ့လည်းမကြားရဘူး။ အဲဒါ စမ်းကြည့် ချင်ရင်တော့ တစ်လမ်းပဲရှိတယ်။ လက်တွေ့မှ၊ မျက်တွေ့ မှဆိုတဲ့ လူတွေအတွက် မယုံရင် ကိုင်ကြည့်လိုက်၊ တစ်ခါတည်း သေသွားမယ်။

ကုရ်အာန်ကျမ်းလာ ဖာရိုအကြာင်း တစေ့တစောင်း.....???

فَالْيَوْمَ نُنَجِّيكَ بِبَدَنِكَ لِتَكُونَ لِمَنْ خَلْفَكَ آيَةً وَإِنَّ كَثِيرًا مِّنَ النَّاسِ عَنْ آيَاتِنَا لَغَافِلُونَ    
-------------------------------------------------------------------
့လူသားတို့ တွေးတောကြံ စည်တွက်ဆမှုများ၏ နောက်ကွယ်မှ ဖြစ်ပျက်မှုမှန်သမျှကို သဘာဝလွန် အံ့သြဆန်းကြယ်မှုများဟုခေါ် ဝေါ်သုံး စွဲကြတတ်ပေသည်။  မျက်မှောက် လက်ရှိ ဆန်းသစ်လျှက်ရှိသော ခေတ်သစ်သိပံ္ပပညာ၏ အကူ အညီဖြင့် စမ်းသပ်အဖြေထုတ်၍ မရနိုင်သော သဘာဝလွန် အံ့သြဆန်း ကြယ်မှုများမှာ ဤကမ္ဘာပေါ်တွင် ရှိလျှက်ရှိနေသေးသည်ကို မည်သူမျှမငြင်းနိုင်ပေ။ ထိုဆန်းကြယ်မှု ဖြစ် ရပ်ဆန်းများ၏ လျှို့ဝှက်ချက်များ ကိုသိလိုသည့် သဘောတရားများသည် လူသား အများစု တွင် ရှိတတ်ကြသည်မှာ ဓမတာပင် ဖြစ်သည်။ သို့ သော် ရှာဖွေ တွေးတော ကြံဆ ခွဲခြမ်းစိတ်ဖြာမှု ပုံစံများမှာ ကား တစ်ဦးနှင့်တစ်ဦး တူညီနိုင်မည် မ ဟုတ်ပေ။
အချို့က ထိုသို့သဘာဝလွန် ဖြစ်ရပ်ဆန်းများကို ကိုယ်တွေ့တွေ့ရှိပါက “ပရမတ္ထ သစ္စာတရား”၏ အကူအ ညီဖြင့်တိတိကျကျ နှိုက်နှိုက်ချွတ်ချွတ် ခွဲခြမ်းစိတ်ဖြာ လေ့လာမှု ပြုလုပ်ကြသည်။ အချို့ကသိရှိမှုအသိ ဖြင့်သာ လုံလောက်တင်းတိမ်ကြသည်။ အချို့ကမူ ယနေ့မျက်မှောက် ခေတ်သိပံ္ပ၏ အကူအညီဖြင့် ၎င်း ဖြစ်ရပ်ဆန်းများကိုကိုင်တွယ်ဖြေရှင်းတတ်ကြပေသည်။  အချို့ ကမူ သဘောတရားမပါသော လက်တွေ့ ထက် သဘောတရားနှင့် အနှစ်သာရပါရှိသော လက်တွေ့ခွဲခြမ်းစိတ်ဖြာမှုများကို ပြုကြပြီးမှ နောက်ဆုံး တွင် ၎င်းလေ့လာစမ်းစစ်ကြသည့် ထာဝ ရမှန်ကန်လျှက်ရှိသော သစ္စာတရားအောက်၌ ဒူးထောက်ကြ တတ်သည်။
၎င်းတို့အထဲတွင် ဒေါက်တာမောရစ်ဘူကိုင်း တစ်ယောက်သည်လည်းအပါအ၀င်ဖြစ်သည်။ အံ့သြခြင်း များစွာဖြင့် နုတ်မှထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် “ကျွန်ပ်အစ္စလာမ် ကိုယုံပါပြီ ကျွန်ပ် ကုရ် အာန်ကို ယုံပါပြီ” “အလ္လာဟ် အသျှင်မြတ်မှအပ အခြားကိုးကွယ်ရာအသျှင်မရှိပါ။ တမန်တော်မိုဟမ္မဒ် သည် ၎င်း၏ စေတမန်တော် တစ်ပါးဖြစ်ကြေင်း ကျွန်ပ်ယုံ ကြည်ပါ၏။” မိမိကိုယ်တိုင်လည်း ဆေးသိပ္ပံ ပညာရှင် တစ်ဦးဖြစ်ပြီး ခရစ်ယာန် ဘာ သာဝင် တစ်ဦးပီပီ သမိုင်းကျမ်း စာပေအထောက်အထားများမှ တဆင့် ရှေ့ခေတ်အီဂျစ် မင်းဆက် များနှင့် ဖါရို ဘုရင်အကြောင်း၊ ၎င်းမင်းဆက်များအကြောင်း ကောင်း စွာသိရှိသော ပါမောက္ခတစ်ဦး ဖါရိုဘုရင်(ရာမ်ဆိးစ် ၂)  ရုပ်အလောင်းရှေ့တွင် အလုပ်ရှုပ်လျှက် ရှိနေပါ တော့သည်။

Firaun
Firaun
အိုး….တစ်ကယ်ဘဲလားဗျာ….ဘယ်လိုဖြစ်တာပါလဲဗျာ… ခင်ဗျားတို့ မွတ်ဆလင်တွေ ယုံကြည်တဲ့ဒီကုရ် အာန်ကျမ်းတော်မြတ်က ဖါရိုဘုရင် ရေနစ်ပြီးသေတဲ့ အကြောင်းနှင့် ၎င်း၏ ရုပ် ခန္ဓာကိုယ်ကိုနောင်လာ နောက်သားတွေ သတိသံဝေဂရစေရန် ဤကမ္ဘာပေါ်မှာ ထိန်းသိမ်းစောင့်ရှောက်ထားတယ် ဆိုတာလေ ဗျာ…… ကျွန်တော့ နားတောင် ကျွန်တော် မယုံနိုင် စရာ ဘဲ…. ဘယ်လိုလုပ်ပြီး ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ ကျော်ကပဲ ဒီ အကြောင်းကို ဖေါ်ပြ ထားရပါလိမ့်… ဒီမာမ်မီခန္ဓာကိုယ်ကြီး တွေ့ရှိခဲ့တာမှ ဖြင့် လွန် ခဲ့တဲ့နှစ်ပေါင်း၂၀၀ ကျော် လောက် ကမှ…. ဒီခန္ဓာကြီးကို အဲဒီကြားထဲ ဘယ်သူများ ထိန်းသိမ်း ထားခဲ့ပါ လိမ့်။ အား..မေးစရာ မေးခွန်း တွေကတော့ အများကြီးဘဲ။ တကယ် ဘဲ ယခုကျွန်တော့ရှေ့မှ မာမ်မီဖါရို အလောင်း ကြီးဟာ ဟိုးတမန်တော် မိုးဆက်(မူဆာ) ကိုပင်လယ်နီကမ်း ခြေထိ လိုက်ခဲ့တဲ့ ဖါရိုဘုရင်ကြီး ပင်လား….အစ္စလာမ်တွေ ယုံကြည်နေတဲ့ ဒီတမန်တော်မိုဟမ္မဒ်ဟာ ဒီဖါရိုဘုရင် အကြောင်း နှင့်ဒီခန္ဓာ ကြီးတည်ရှိနေတာ ဘယ်လိုလုပ်များ သိခဲ့ပါလိမ့်။ ပါမောက္ခကြီး  ဒေါက် တာမောရစ် တစ်ယောက် ဘယ် လိုမှကြိုးစားပြီး အိပ်သော်လည်း အိပ်လို့ မပျော်တော့ပါ။ သူ့ရဲ့ ရှေး သမ္မာကျမ်းတော်ကို လှန်ရင်း“ ဟော တွေ့ပြန်ပြီ ဒီဖါရိုး” “ပင်လယ်ကြီးသည် ဖါရိုဘုရင်နဲ့ ၎င်း၏ ကြီးမား လှသော စစ်တပ်ကြီးကိုဝါးမြိုခဲ့သည်။ တစ်ဦးတစ်ယောက်မျှ အသက်မရှင်ခဲ့” ထွက် မြောက်ရာကျမ်း(၁၄း၂၈) သူမကျေနပ်သေး———-ဘာ လို့ဒီဓမ္မဟောင်း ငါတို့ရဲ့သမ္မာကျမ်းစာက ဒီသူ့ခန္ဓာ ဤကမ္ဘာပေါ်မှာ ရှိနေသေးကြောင်း ဘာလို့မ ပြောတာ ဘာလိမ့်….၊၊ သူကား စိတ်မကျေ နပ်…. ထပ်ပြီးထပ်ပြီးအဖြေများ လိုအပ်နေသေးပေ၏။ ခေတ်သစ် ဆေးသိပ္ပံ ပညာရှင်ကြီး တစ်ဦးလည်းဖြစ်၊ လက်ရှိဖါရိုဘုရင် မွမ်းမံစစ်ကြောရေး အဖွဲ့ ၏ ဥက္ကဋ္ဌကြီး လည်း ဖြစ်သော ပါမောက္ခကြီးမောရစ် တစ်ယောက် သူ့ရောင်းရင်း လုပ်ဖေါ်ကိုင်ဖက် ဆေးနှင့် မျိုးရိုးဗီဇ၊ မနုဿဗေဒ၊ ခန္ဓာဗေဒ ပရော်ဖက်ဆာများ၊ ဘူမိဗေဒ စပါယ်ရှယ်လစ်များနှင့် အ တူ ခေတ်မှီနည်းပညာ cutting edge စမ်းသပ် စစ်ဆေးရေးကိရိယာများနှင့် ဓာတ်ခွဲခန်းထဲတွင် အလုပ်ရှုပ်နေသူ၏ ပြင်းပြသော သိလိုစိတ်မှာ “ဘယ်လိုများ ဒီမာမ်မီ (ဖာရို) အလောင်း ဟာ ကွယ်လွန်ခဲ့ပါလိမ့်” အနုစိတ်(Autopsy) စမ်းသပ်၍ နေပါတော့သည်။ ညဦးယံဘက် ပညာရှင် အသီးသီး သက်ဆိုင်ရာ ကဏ္ဍများကို အသီးသီး စစ်ဆေးပြီး သကာလ- နောက်ဆုံး final report ကိုတင်ပြနေကြပြီဖြစ်၏။ ပရော်ဖက်ဆာ အသီးသီး၏ ကောက်ချက်အရ ဤမာမ်မီ(ဖာရို) ရုပ် အလောင်းမှာ ပင်လယ်တွင် ရေနစ်သေဆုံးခဲ့ကြောင်း များမကြာ မီ အချိန်တို အတွင်းတွင်ပင် ပင်လယ်မှ ဆယ်ယူခြင်းကို ခံခဲ့ရပြီး (၀ါ) ပင်လယ်ထဲတွင် အချိန်ကြာ မြင့်စွာ မရှိခဲ့ကြောင်း  ခန္ဓာကိုယ်တွင်းမှ ဆားဓာတ် အထောက် ထားနှင့် ပင်လယ်နီရွံ့စေး အထောက် ထားများမှ သက်သေခံလျှက် ရှိကြောင်းတို့ကို နောက်ဆုံး အစီရင်ခံစာကြီးတွင် တင်ပြလာကြသောအခါ.. ၎င်း အဖွဲ့ကို ဦးဆောင်နေသော ပရော် ဖက်ဆာဒေါက်တာမောရစ် တစ်ယောက် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရ ပါတော့သည်။
“အား…မဟုတ်နိုင်သေးပါဘူး ရေထဲမှာသေခဲ့တဲ့ ဒီမာမ်မီအလောင်းကြီးဟာ ဘာလို့များ ဒီလောက် ပုံပန်း မပျက် ပဲ အခြားမာမ်မီများထက်ပင် လတ်ဆတ် လန်းဆန်း ပကတိပုံအတိုင်း ဒီ အချိန်ထိ တည်ရှိနေ ရပါလိမ့်၊” ..ဆေးသိပ္ပံနှင့် ခန္ဓာဗေဒအကြောင်း ကောင်းကောင်းနားလည်ထားသော ပါမောက္ခကြီး၊ လူ သေရုပ်လောင်း ပေါင်းများစွာနှင့် ငယ်ငယ်ကတည်းကပင် မစိမ်းသောဆရာဝန်တစ်ဦးအဖို့ ဇဝေဇ၀ါနှင့် စဉ်းစား၍အတွေးများ ထူနေပါတော့သည်။ (Confirmation test) ပြန်လှန်စစ်ဆေးမှုများ အကြိမ်ကြိမ်ပြု လုပ်ပြီး အားမရဖြစ်နေသော ပါမောက္ခကြီး၏ ပုံကို စာဖတ်သူများပင်မြင်ယောင်မိမည် ထင်ပါ သည်။
အချိန်မှာကား ၁၉၈၁ ခုနှစ် ပြင်သစ်နိုင်ငံတွင် ပြင်သစ်သမ္မတကြီး ဖရန်စစ်စကိုမစ်တရာ အုပ်ချုပ်စဉ် ဖြစ် သည်။ အီဂျစ် အစိုးရ၏ သဘောတူ ခွင့်ပြုချက်ဖြင့် ဖာရိုဘုရင်ရာမ်စစ် (၂) ၏ ရုပ် အလောင်းအားသမိုင်း ကြောင်း အဆို အရ ကမ္ဘာ့အကြမ်းတမ်းဆုံး၊ အရက်စက်ဆုံး၊ ခေါင်းအမာဆုံး အီဂျစ်ဘုရင်အား ခောတ်မှီ ဓာတ်ခွဲ စမ်းသပ်မှုများ (မျိုးရိုးဗီဇ DNA သေဆုံးခြင်း ဇစ် မြစ်နှင့် သေဆုံးခြင်း Date ရှေးခောတ်မာမ်မီပ ညာရပ်၊ မျက်နှာပြုပြင် မွမ်းမံမှု) ပြုလုပ် ရန်ရည် ရွယ်ချက်တို့ဖြင့် ပြင်သစ်အစိုးရမှ ကမ်းလှမ်းခဲ့ပါသည်။ ပြင်သစ်လေဆိပ်သို့ ရောက် လျှင် ရောက် ခြင်းပင် ပြင်သစ်သမ္မတ နှင့်တစ်ကွ ၎င်း၏အတွင်းဝန် ၀န်ကြီး များမှ နိုင်ငံတော်အခမ်းအနားနှင့်တကွ အလေးပြု ကြိုဆိုမှုကို ပြုလုပ်ခဲ့ပါသည်။ ကြိုဆိုဂုဏ်ပြုပွဲပြီးလျှင် ပြီး ချင်းပင် ဖါရိုဘုရင်၏ အလောင်းအား စူးစမ်းရှာဖွေ စမ်း သပ်မှုများ ပြုလုပ်ရန် ပြင်သစ်နိုင်ငံ၏ အထူး မနုဿဗေဒ ဓါတ်ခွဲခန်းမကြီးဆီသို့ သယ်ဆောင် လာခဲ့ ကြပါ သည်။
ပထမဦးဆုံး Cutting Edge Technology ဖြင့် သမိုင်းကြောင်းနှင့် ခန္ဓာဗေဒ စစ်ဆေးမှုများ ပြုလုပ်ရန် ရည်ရွယ် ခဲ့ပါသည်။ ထိုအချိန်က ပြင်သစ်သိပ္ပံပညာ အကယ်ဒမီ၏ ဥက္ကဌကြီးမှာ ပရော်ဖက်ဆာဒေါက်တာ မောရစ်ဘူ ကိုင်း ဖြစ်ပြီး ၎င်းကိုယ်တိုင်ပင် ဦးစီးကာ ဖါရိုရုပ်ကလပ်ကြီးအား စူးစမ်းလေ့လာ စမ်းသပ်ခွင့် ရ ရှိခဲ့ပါသည်။
မေးခွန်းပေါင်းမြောက်များစွာဖြင့် အဖြေမရနိုင်သေးသော ပါမောက္ခကြီး
ဒီနှစ်ပေါင်း သုံးထောင်ကျော်ပြီဖြစ်တဲ့ ရုပ်အလောင်းကြီး၊ ရုပ်ကြွင်း မပျက်စီးသေးတဲ့ မာမီကောင်ကြီး၊သူ တို့ အပြောအရ အီဂျစ်နိုင်ငံ ပင်လယ်နီကမ်းခြေရှိ ဂျဘလီယမ်း အရပ်မှာ တွေ့ရှိခဲ့ တယ်ဆိုတဲ့ ဒီအ လောင်းကြီး၊ ယခုလက်ရှိ အီဂျစ်သမိုင်းပြတိုက်ထဲမှာ ပြသထားတဲ့ ဒီဖါရိုကြီး၊ မွတ်ဆလင်တွေကုရ်အာန် က တိတိပပပြောဆို ဖေါ်ပြထားတဲ့ ဒီဖါရိုဘုရင်ကြီး၊ ကျွန်ပ်တော့ ဗျာ ခေတ်မှီဆန်သစ်တဲ့ Technology အကူအ ညီမပါဘဲ ဒီအ ကောင်ကြီးကို သမိုင်းကြောင်းအရ စစ်ဆေးမယ်ဆိုရင်တော့ ယုံကြည်မှာ မဟုတ် ဘူးဗျာ။ ယခုလို တိုးတက်တဲ့ စက်ကိရိ ယာ Cutting Edge နည်းပညာ၊ ဆေးသိပ္ပံပညာတွေရဲ့ အကူ အညီအရသာ ယုံရတာဗျာ ဟုခေါင်းခါ လျှက် တတွတ်တွတ်ပြောကြားလျှက်သာ ရှိပါတော့သည်။ ဘယ်လို လုပ်ပြီး ဒီမွတ်ဆ လင်မ် တွေ ပြောတဲ့ ကျမ်းစာ တော် ထဲမှာ ဒီဖါရိုအကြောင်း တိတိပပ ပါရှိနေရတာလဲ? သူ့ရဲ့ကိုယ်ခန္ဓာကိုလည်း ကမ္ဘာပေါ်မှာ ထိန်းသိမ်းထား တယ်လို့လည်း ပါသေးတယ်ဆိုတော့ ဘယ် လိုများ ပါလိမ့်။  သူကားစစ်ဆေးမှု အထပ်ထပ်ပြုလုပ်ပြီး နောက်ဆုံး သံပြိုင်အဖြေရရှိသော်လည်း မကျေနပ်နိုင် သေး၊ မာမ်မီကြီးမှာကား အီဂျစ်ပြည်သို့သာ တကြော့ပြန် ရောက်သွား ပါ တော့သည်။ ဒေါက်တာမောရစ် တစ်ယောက် အိပ်မပျော် အခဲမကျေနိုင်သေးပါ။ နောက်ဆုံး ၎င်းဖါရိုဘုရင်ရှိရာ အီဂျစ်ပြည်သို့ ခရီးဆက် ရန်သာ ဆုံးဖြတ်လိုက်လေပါတော့သည်။ အီဂျစ် နိုင်ငံသို့ ရောက်လာပြီး သက်ဆိုင်ရာဘူမိဗေဒ ရှေး ဟောင်း သမိုင်းပညာရှင်များ၊ ဆေးပညာ ပညာရှင်များ၊ မွတ်ဆလင်ပညာရှင်( စကော်လာ)များနှင့် ဆွေး နွေးမှု များပြုလုပ်လျှက်ရှိကာ အဖြေများကို ရှာဖွေလျှက်ရှိပါသည်။ ကိုင်ရိုမြို့တနေရာတွင် ၎င်း၏ တွေ့ရှိ ချက်များကို နှီးနှောရှင်းလင်းမှုတစ်ရပ် ပြုလုပ်နေစဉ် မွတ်ဆလင် ဆေးသိပ္ပံပညာရှင် တစ်ဦးမှ မတ်တပ် ရပ်ပြီး ခင်ဗျား ကျွန်ပ်တို့ ကျမ်းလာ ဒီပါဒတော်ကို ပြန်နားထောင်ပါဟု ဆိုကာ တည်တည်ငြိမ်ငြိမ်ဖြင့်…
“ငါအသျှင်မြတ်သည် အစ္စရာအီလ် အမျိုးသားတို့ကို ပင်လယ်တစ်ဘက်ကမ်းသို့ ယူဆောင်တော်မူ၏။ ဖါ ရောမင်းသည် မိမိ၏စစ်သည်များနှင့် သူတို့ကိုမတရားကျုးလွန် ခြားနားခြင်းဖြင့် မီအောင်လိုက်ကြ၏။ သို့သော်ရေနစ် မြုပ်ဘေး ထိသောအခါ သူသည် အစ္စရာအီလ် အမျိုးသားတို့ ယုံကြည်သော အသျှင်မှ တ ပါးအခြားအသျှင် သခင်မရှိဟု ကျွန်ပ်ယုံကြည်ပါ၏။ ကျွန်ပ် သည် အလ္လာဟ်အသျှင်မြတ်အား ယုံကြည်ကျိုး နွံသူတို့ ဘောင်တွင် ပါဝင်ပါ၏ ဟုကြွေးကြော်၏။” ကုရ်အာန် (၁၀း၉၀)
ဘာလဲ ယခုမှ သင်ယုံကြည်သလော၊ ယခုတိုင်အောင် နင်သည်ထောင်ထားခြားနား၍ မတရားပြုကျင့်သူ တို့ ဘောင်တွင်ပါဝင်ပြီးမှ။ ကုရ်အာန် (၁၀း၉၁) သို့သော် နင်သည် နောင်လာ နောက်သားတို့အဘို့ သက် သေ သာဓကတော်တပါး ဖြစ်စေရန် နင်၏ကိုယ်ခန္ဓာကို ယခုငါအသျှင်မြတ်ကယ်တင်တော်မူ၏။ ကြည့် ကြလော့ များစွာသောသူတို့သည် ငါ၏သက်သေသာဓ ကတော်များကို သတိမမူကြချေ။ ကုရ် အာန် (၁၀း၉၂ )
အေးဆေးငြိမ်သက်စွာ ဂရုတစိုက်နားထောင်နေသော ပရော်ဖက်ဆာကြီးတစ်ယောက် တိတ်ဆိတ် ငြိမ် သက် သွားကာ”ပရမတ္ထ သစ္စာတရား” မှန်ကန်မှုနှင့် တိကျသေချာသော အဖြေကို ၎င်း၏ နှလုံးသည်း ပွတ်ကြားထဲမှ ထုတ်လိုက်လေတော့သည်။ လူအုပ်ကြားထဲသို့ ၎င်း၏ ဟစ်အော်ချက်မှာကား ”ကျွန်ပ် အစ္စ လာမ်ကိုယုံပါပြီ….ကျွန်ပ် ကုရ်အာန်ကိုယုံပါပြီ..”
“ငါသည် ဤကျမ်းမြတ်ကုရ်အာန်ကို တောင်တခုခုပေါ်တွင် ပစ်တင်ထားတော်မူခဲ့လျှင်၊ အကယ်စင်စစ်ထို တောင်သည် အလ္လာဟ်အား ကြောက်ရွံ့တုံလှုပ်ခြင်းကြောင့် နှိမ့်ချသော သဘော ဖြင့် ၀ပ်စင်း၍ အစိတ် စိတ် အမွှာမွှာ ဖြစ်သွားသည်ကို သင်တမန်တော် မျက်ဝါးထင်ထင် မြင်ခဲ့ရလတံ့၊ ငါသည် ဤဥပမာများ ကို လူသားတို့ ဆင်ခြင် စဉ်းစားဘို့ရာ ဆောင်တော် မူ၏။ ” ကုရ်အာန် ( ၅၉း၂၁ )
“အလွန့်အလွန် သနားကြင်နာတော်မူသော မဟာဂရုဏာတော်သခင် အလ္လာဟ်အသျှင်မြတ်သည် အမှန် တရားမြတ်နိုးသူတို့၏ နှလုံးသားတံခါးများကို အမှန်ပင်ဖွင့်ပေးလေပြီ တ ကား။” ကုရ်အာန် ( ၂၈း၅၆ )
နှလုံးသားသစ်၊စိတ်သစ်၊လူသစ် အယူသစ်ဖြင့်အိမ်အပြန်( ပြင်သစ်)ခရီး ပါမောက္ခကြီး၏ သတင်းသည် ကား နေရာအနှံ့သို့ တမဟုတ်ချင်း ပြန့်နှံ့သွားလေတော့သည်။ ၎င်းနောက် ပါ မောက္ခကြီးသည်၁၀နှစ် တိုင်တိုင် အစ္စလာမ်နှင့် ပတ်သက်သော သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ၊ ကုရ်အာန်နှင့်သိပ္ပံ လေ့လာမှုများ၊ အရ်ဗီစာပေကို ဂဃနဏလေ့လာကာ Comparative studiesများ ပြုလုပ်လျှက် အစ္စလာမ်ကို အပတ်တ ကုတ် လေ့လာခဲ့သည်။ ၎င်းလေ့လာသော အသီးအပွင့်များအဖြစ် ဥရောပတခွင်နှင့် ကမ္ဘာက အစ္စလာမ် ကို ပို၍သိလာကြသည်။ ”ကုရ် အာန်၊ ဘိုင်ဘယ်လ်နှင့်သိပ္ပံ” ဟူသော ခေတ်သစ်သိပ္ပံပညာဖြင့် ရှေးကျမ်း ဂန်များကိုစစ်ဆေးခြင်း၊ ကုရ်အာန်၏ခိုင်လုံသော၊ တိကျသော၊မငြင်းနိုင်သော အမှန်တရားများကို အခြား ကျမ်း ဂန်များနှင့်နှိုင်းယှဉ်ကာ ဖေါ်ပြခဲ့သည်။ လူသားများ အားလုံးသတိရစေရန် ပါမောက္ခကြီးသည် ၎င်း ၏တွေ့ရှိချက်များနှင့် စပ်လျင်းပြီး ကျမ်းတော်လာဤအာယတ် (ပါဒ) တော်ကို နောက် ဆုံး မီး မောင်းထိုး ပြလျှက် ရှိခဲ့ပါသည်။
(မုသားစကားသည် ထိုကျမ်းတော်ကို ရှေ့မှသော်လည်းကောင်း၊ နောက်မှသော်လည်းကောင်း မချဉ်းကပ် နိုင်ချေ၊ ထိုကျမ်းတော်သည် သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ချီးမွမ်းခြင်းတည်ရာ အသျှင်၏ ထံတော်မှဖြစ် ၏။) ကုရ် အာန် ( ၄၁း၄၂)
ကျွန်ပ်တို့ အဘယ်ကြောင့် အလ္လာဟ်၏ သက်သေ လက္ခဏာတော်များကို သတိမမူကြသနည်း?
ကုရ်အာန်စူရာဟ် ( ၁၀း၉၂ ) ကြည့်ကြလော့ များစွာသော သူတို့သည် ငါ၏ သက်သေ လက္ခဏာတော် များ ကို သတိမမူကြချေ။
ထို့ကြောင့် အချို့သောသူတို့သည် သက်သေ သာဓကတော်များကို မျက်ဝါးထင်ထင် တွေ့မြင်ရသော်လည်း လက်မခံ မယုံကြည် ငြင်းပယ်လျှက် ရှိကြသည်။ အဆုံးစွန်သော အဖြေနှင့် မှား မှန်ကိုခွဲခြမ်းစိတ်ဖြာရန် စစ်ဆေးစုံစမ်းမှုများ ပြုလုပ်မှုမရှိကြပေ။ အစ္စလာမ်ဘာသာကို ကိုးကွယ်ယုံကြည်သော ကျွန်ပ်တို့မွတ်စ် လင်မ်များပင် ကုရ်အာန်ကို အဓိပ္ပါယ်ရှိရှိ သိရှိရန် မကြိုး စားကြချေ။ ကုရ်အာန်ကျမ်းလာ အံ့ဖွယ် သက် သေ သာဓကများကို ပုံပြင်သဖွယ်သာ ခပ်ဝါးဝါး သိရှိတတ်ကြပြီး ၀ိရောဓိဘ၀ဖြင့်သာ တင်းတိမ်နေ တတ်ကြပေသည်။ ကျွန်ပ်တို့ ယုံကြည် ထားသော ကုရ်အာန် ကျမ်းတော်မြတ်သည် တိကျမှန် ကန်သော ပရမတ္ထ သစ္စာတရားမှ မှန်ကန်မှုအပြည့်ဖြင့် အံ့သြဖွယ်အပေါင်း၏ အထွဋ်အထိပ် အံ့သြဖွယ်ကျမ်းကြီး ဖြစ်ရာမယုံ ကြည် ဒွိဟရှိသူ မှန်သမျှအား တိုက်ဆိုင် စစ်ဆေးပြီး အဖြေထုတ်ရန် နည်းမျိုးစုံဖြင့် အသျှင် မြတ်က ကျွန်ပ်တို့လူသားပင်မက နတ်သား(ဂျင်) မလာအေကာ အပေါင်းတို့ကိုပင် စိန်ခေါ်ထား သေး ၏။ တမန်တော်မိုဟမ္မဒ် သက်ရှိထင်ရှားရှိစဉ် အချိန်မှ ယခုအချိန်ထိ နှစ်ပေါင်း( ၁၄၀၀ ) ကျော်သည့်တိုင် အာင် ထိုစိန်ခေါ်မှုသည် အသက်ဝင်လျှက် ရှင်သန်နေ၏။ခေတ်သစ် သိပ္ပံပင် ယခု အချိန်ထိ လိုက်မမှီ သေး ပေ။ နောက်ဆုံးနေ့တော်ကြီးအထိလည်း ထိုစိန်ခေါ်မှုကြီးသည် ရှင်သန်လျှက် ရှိနေ ဦးမည်ပင်။
ကု၇်အာန်စူရာဟ် (၁၇း၈၈) ထဲတွင် အိုတမန်တော် ဟောကြားလော့ အမှန်ဆိုသော် လူသားအားလုံးနှင့် ဂျင်နတ်သားအားလုံးတို့သည် ဤကုရ်အာန်ကျမ်းတော်နှင့်တူသော ကျမ်းတစ် စောင်ကို စီကုံးရေးသား ရန် စုရုံးစည်းဝေး၍ သူတို့အချင်းချင်း ကူညီယိုင်းပင်းသော်လည်း ဤကျမ်းတော်နှင့်တူသော ကျမ်းတစ် စောင်ကို မဖွဲ့နိုင်ချေ။
ဒီ့အပြင် အလ္လာဟ်အသျှင်မြတ်သည် ထပ်ပြီးလျှော့ပေါ့၍ပင် စိန်ခေါ်ထားသေးသည်။ ကျမ်းတော်တစ် စောင်လုံး ထားဘိ တိကျမှန်ကန်ပြီး ပြည့်စုံသော ကျမ်းတော်မြတ်ကုရ်အာန်၏ အာ ယတ်(ပါဒ) တော်တစ် ခုပင်ကျွန်ပ်တို့ မဖန်တီးနိုင်ကြောင်း ၎င်း၏ သြဇာအာဏာသည် စကြာဝဠာလောက တစ်ခုလုံးအားလွမ်းမိုး ထားကြောင်း ဖေါ်ပြ ထားသေးပေသည်။ အကယ်၍ ဤ ကျမ်းတော်ပါ စကားများသည် အရာခပ်သိမ်းကို မွေးမြူတော်မူသော အလ္လာဟ် အသျှင်မြတ်ထံတော်မှ မဟုတ်လျှင် မကိုက်ညီမှုများ၊ လျော့ရဲမှုများ၊ မမှန် ကန်မှုများကို တွေ့ရပေမည် ဖြစ် ကြောင်း ဖေါ်ပြထားသေး၏။ ကုရ်အာန် (၄း၈၃၊ ၁၀း၃၈၊ ၂၅း၆ )
၎င်း၏ စကားနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင်ပင် အာမခံထားကြောင်းကို ကျမ်းတော်မြတ်ကုရ်အာန်၁၅း၉ တွင် အသျှင်မြတ်သည် ပွင့်ပွင့်လင်းလင်း ဖေါ်ပြထားသေး၏။ ထို့ကြောင့် ယနေ့ အချိန်ထိ ကုရ်အာန်၏ စိန်ခေါ်မှု အာမခံချက်များကို အမှားထောက်ပြနိုင်သော လူသားပညာရှင်၊ ဂျင်နတ်သား တစ်ဦးတစ် ယောက်မျှ မတွေ့ရှိရသေးပေ။ နောင်တွင်လည်း တွေ့နိုင်မည် မဟုတ်ပေ။ ကုရ်အာန် (၂း၂၃၊ ၂၄)
အချုပ်အားဖြင့်ဆိုရသော်ကျမ်းတော်မြတ်ကုရ်အာန်လာဖါရိုဘုရင်သည်လည်းကျွန်ပ်တို့နောင်လာနောက် သားများ မျက်တွေ့မြင်ရကာ သတိသံဝေဂတရားရနိုင်စေရန် အလ္လဟ်အသျှင် မြတ် ကိုယ်တော်တိုင် ပုံစံ မပျက် ထိန်းသိမ်းထားကြောင့်၊ အလ္လာဟ်အသျှင်မြတ်သည်စကားကို တည်တော်မူသော အ သျှင် ဖြစ်ကြောင်း တင်ပြရင်း……………..

الخميس، 13 أكتوبر 2011

အမျိုးသမီးဝတ်ပြုသောစွလားသ်(နမားဇ်) နှင့်အမျီုးသားဝတ်ပြုသောဆွလာသ်(နမားဇ်) ကွာခြားပုံ့ 

အမျိုးသားဝတ်ပြုသော စွလားသ်နှင့်စက်လျှင်း၍ အားလုံးသိရှိပြီးသားဖြစ်ပေသည် ။  သို့ သော်လက်တလော အဓိကကျသည့် အချက်မှာအမျိုးသမီးဝတ်ပြုသောဆွလားသ် နှင့်အမျီုးသားဝတ်ပြုသောဆွလာသ် ကွာခြားပုံပဲဖြစ်သည်။ သို့ ဖြစ်သောကြောင့် ထိုခေါင်းစဉ်အားဦးစားပေးရေးလိုက်ပါသည် ။
အမျိုးသမီးတို့  ဆွလားသ်ဝတ်ပြုပုံမှာ အမျိုးသားတို့ နှင့် ကွားခြားသည့်အတွက် အမျီုးသမီးတို့ သည် အောက်ပါ မစ်အလာဟ် များကို တသိပြုသင့်ပေသည် ။

(၁)အမျိုးသမီးတို့ သည် ဆွလာသ်ဝတ်ပြုသည့်အခါ ဝတ်မပြုခင် မိမိတို့ ၏ ခြေ(ခြေမျက်စိအထိ) ၊ လက်(လက်ကောက်ဝတ်အထိ) ၊ မျက်နှာ မှအပ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများအားလုံး ဖုံးဖိလုံခြုံမူ ရှိမရှိဆိုသည်နှင့်စက်လျှင်း၍ စိတ်ချရသည့်တိုင် စီစစ်ရမည်ဖြစ်သည်။
  • တချို့ အမျိုးသမီးများသည် နမားဇ်ဖတ်သည့်အခါ မိမိတို့ ၏ ဆံပင်များကို ဖော်ထားလေ့ရှိကြည် ။
  • တချို့ မှာ မိမိတို့ ၏ လက်(လက်ကောက်ဝတ်အထက်အစိတ်ပိုင်း) များကိုဖော်ထားလေ့ရှိကြသည် ။
  • တချို့ မှာ မိမိတို့ ဆံပင်အား လုံခြုံစွာမဖုံးနိုင်သည့် သေးငယ်လှသော ပဝါများဖြစ် ဆွလာသ်ဝတ်ပြုလေ့ရှိသည်။
ဤသည်အားလုံးတို့ သည် မပြုပိုင်သောအချက်များပင်ဖြစ်သည်။
  • အကယ်၍ နမားဇ်ဖတ်သည့်အခါ ခြေ(ခြေမျက်စိအထိ) ၊ လက်(လက်ကောက်ဝတ်အထိ) ၊ မျက်နှာမှာအပ ကျန်ရှိသောခန္ဒာကိုယ်အစိတ်အပိုင်းတစ်ခုခု ၏ လေးပုံတစ်ပုံ ခန့် အတိုင်းအတာသည် سبحان ربي العظيم ( စွဗ်ဟာန ရဘ္ဘီယလ် အဇွီးမ်) သုံးကြိမ်ဖတ်နိုင်လောက်သည့် အချိန်ခန့် မျှ လစ်ဟာနေပါမူ ထိုနာမာဇ်မပိုင်ပေ ။
  • အကယ်၍ အစိတ်အပိုင်းတစ်ခုခု ၏ လေးပုံတစ်ပုံထက်နည်းသည့်အတိုင်းအတာ လစ်ဟာနေခဲ့ပါမူ နမားဇ်ပိုင်သွားပေမည် ။သို့ သော် အပြစ်ထိုက်မည်။
(၂)အမျိုးသမီးများအဖို့ အိမ်၏ အတွင်ခန်း၌ နမားဇ်ဝတ်ပြုခြင်းသည် အိမ်၏အပြင်အခန်း၌ နမာဇ်ဝတ်ပြုခြင်းထက်သာမြတ်ပေသည် ။ အိမ်၏ အပြင်ခန်း၌ နာမားဇ်(ဆွလားသ်)ဝတ်ပြုခြင်းသည် အိမ်၏ ဝရန်တာ ၌ နမားဇ်ဝတ်ပြုခင်းထက်သာမြတ်ပေသည် ။

(၃)အမျိုးသမီးတို့ နမားဇ်ဝတ်ပြုရာ၌ (သက်ဘီးရ်သဟ်ရီမာ. تكبير تحريمه.)ပထမဆုံး သက်ဘီးရ် အတွက်လက်မြောက်သည့်အခါ မိမိတို့ ၏လက်ကို နားနုထိ မမြှောက်ရပေ ။ ပုခုံးထိသာမြှောက်ရပေမည် ။ထိုသို့ ပခုံးထိမြှောက်သည့်အခါတွင် မိမိတို့ လက်ကို ပဝါအပြင်သို့ မထုပ်ပဲ ပဝါအတွင်းကသာမြောက်သင့်ပေသည် ။

(၄)လက်ပိုက်သည့်အခါ အမျိုးသမီးတို့ သည် ညာဖက်လက်ဖဝါးကို ဘယ်ဖက်လက်ဖမိုးပေါ်ထားကာ ယင်ဘက်ပေါ်၌ လက်ပိုက်ရပေမည်။ အမျိုးသားများကဲ့သို့ ချက်ပေါ်တွင်မပိုက်ရပေ။

(၅)အမျိုးသမီးတို့ သည် (ركوع) ရကူအ် သွာသည့်အခါအမျိုးသားများကဲ့သို့  ကျောပြင်ကိုဖြောင့်မတ်စွာထားရန်မလိုပေ ။ အမျီုးသမီးများသည် အမျိုးသားများထက် ရှော့၍ ညွှတ်ရမည် ဖြစ်သည် ။

(၆)ရကူအ် (ركوع) သွားရာ၌ အမျိုးသားတို့ သည်မိမိတို့ ၏ လက်ချောင်းလေးများကို ချဲထားရပေသည် ။သို့ သောအမျီုးသမီးတို့ မှာ မိမိတို့ ၏ လက်ချောင်းလေးများ လစ်ဟာမူမရှိ့ သည့်တိုင် စိထားရပေမည်။

(ရ)ရကူအ် (ركوع) သွားသည့်အခါ အမျိုးသမီးတို့ သည်မိမိတို့ ၏ ခြေထောက်အား လုံးဝဖြောင့်မထားသင့်ပေ ။ ဒူးခေါင်းဘက်သို့ အနည်းငယ်ကွေးထားသင့်သည်။

(၈)ရကူအ် (ركوع) သွားရာ၌ အမျိုးသားတို့  သည်မိမိတို့ ၏ လက်မောင်းများအား နံဘေးများနှင့် မကပ်စေရန် ခွာထားရပေသည် ။ သို့ သောအမျိုးသမီးတို့ မှာ မိမိတို့ ၏ လက်မောင်းများကို နံဘေးများနှင့်ကပ်ထားရပေသည် ။

(၉)အမျိုးသမီးတို့ သည် မက်တက်ရပ်သည့်အခါ ခြေထောက် (၂) ချောင်းအားစုထားရပေမည် ။ အထူးသဖြင့် မိမိတို့ ခြောမျက်စီနှစ်ခုအား နီးသည့်ထက်နီးအောင် ကပ်ထားရပသည်။

(၁၀) စဂ်ျဒဟ် (سجده) ချသည့်အခါ အမျိုးသားများသည် မိမိတို့ ၏ ဒူးအား ဦးစွာပထမ မြေကြီးပေါ်သို့ ချရပေသသည် ။ ထို သို့ ချပြီးသည့်နောက် ရင်ဘက်အား စဂ်ျဒါဟ်လုပ်ရန်ညွတ်ကိုင်းရပေသည်။ သို့ သော်အမျီုးသမီးများအဖို့ မူ စဂ်ျဒဟ် (سجده) စသွားကတည်းက ရင်ဘက်အားညွတ်ကာ စဂ်ျဒဟ် (سجده) သွားနိုင်ပေသည် ။

(၁၁)စဂ်ျဒဟ် (سجده) ချသည့်အခါ အမျိုးသမီးတို့ သည် မိမိတို့ ပေါင်နှင့် ဝမ်းဗိုက် ကိုပူးထားရပေမည်။ ထို့ အတူ မိမိတို့ ၏လက်မောင်းနှင့်နံဘေးများကိုပူထားရပေမည်။ ၎င်းနောက် မိမိတို့ ၏ ခြေဖဝါနှစ်ခုအား ယာဖတ်သို့ ထုပ် ၊ ခင်း ထားရပေမည် ။

(၁၂)စဂ်ျဒဟ် (سجده) ချသည့်အခါ အမျီုးသားတို့ သည့် မိမိတို့ ၏ ရင်ခွင်အားမြေကြီးပေါ်သို့ မဝတ်ရန် အမိန့် လာရှိထားပေသည် ။ သို့ သော် အမျိုးသမီးများသည် မိမိတို့ ရင်ခွင်အား မြေးကြီးပေါ်ဝတ် ထိုက်ပေသည်။

(၁၃)စဂ်ျဒဟ် (سجده) နှစ်ခုကြားတွင်ထိုင်သည့်အခါဖြစ်စေ၊ (သို့ မဟုတ်) အဿဟိယ်ယားသ် (التحيات)  ထိုင်သည့်အခါ၌ဖြစ်စေ အမျိုသမီးတို့ သည် မိမိတို့ ၏ ဘယ်ဖတ် တင်အပေါ်ထိုင်ရမည်ဖြစ်သည် ။၎င်းနောက်ခြေနှစ်ချောင်းကို ညာဖတ်သို့ ထုပ်ကာ ညာဖတ်ခြေသလုံးအပ်ါထားရမည်။

(၁၄)အမျိုသမီးတို့ သည် (ရကူအ်၊ စဂ်ျဒါဟ်၊ စဂ်ျဒါဟ် ၂ ခုကြား ၊ကအ်ဒါဟ် စသည့်) နမားဇ်၏ အခြေအနေတိုင်း ၌ မိမိတို့ ၏လက်ချောင်းများကို စိထားရမည်(ဆိုလိုသည်မှာ တစ်ချေားနဲ့ တစ်ချောင်းမခွါထားရပေ)။

(၁၅) အမျိုးသမီးများ ဂျမာအသ် ဖြင့် ဆွလာသ် ဝတ်ပြုခြင်းမှာ မက်ရူဟ် ဖြစ်သည်။ ထို့ အတွက် တစ်ယောက်တည်းဖတ်ခြင်းကမြတ်ပေသည်။ သို့ သော အိမ်၌ မုဟ်ရိမ်(မိမိနှင့် နေကာမပြုပိုင်သည့် ဆွေမျိုးအရင်းအခြာများ)သည် ဂျမာအသ်ဖြစ် ဆွလာသ်ဝတ်ပြုနေပါမူ ယင်း တို့ နှင့်တကွ (ဆွေမျီုးတော်စက်သူ)အမျိုးသမီးများလည်း ပါဝင်နိုင်ပေသည်။သို့ သော် အမျီုးသားများနှင့် တစ်လိုင်းထဲတွင် လုံးဝ တွဲမရက်ရ ၊ အမျိုးသားများနောက်မှလိုင်းစီရမည်ဖြစ်သည်။